မိဘကိုရိုသေ အလုပ်အပေါ်မှာရိုးသားတာတွေက
အောင်မြင်ဖို့ပံ့ပိုးပေးတယ်လို့ထင်ပါတယ်
ချစ်စနိုးဦး
ကလောင် - မိုးထက်ကျော် ၊ ဓာတ်ပုံ -
လူသန်းပေါင်းခြောက်ဆယ်ထဲ မှာအောင်မြင်ကျော်ကြားတဲ့သူ တစ် ယောက်ဖြစ်ဖို့ဆိုတာက တကယ်ကို မလွယ်လှတဲ့ကိစ္စရပ်ပါ။အောင်မြင်
ကျော်ကြားသူတွေမှာ ဘယ်လိုကိုယ် ရည်ကိုယ်သွေးတွေ ပိုင်ဆိုင်ထားလဲ၊
သူတို့ကဘယ်လို အကြောင်းအရာ တွေပေါ်မှာအသေးစိတ် အာရုံစိုက် ပြင်ဆင်ထားလဲဆိုတာ
စိတ်ဝင်စားစ ရာပါပဲ။
ကိုယ့်ကိုယ်ကိုယ် အောင်မြင် လာတာ ဘာကြောင့်လို့ထင်လဲ
-----------------------------------------------------------
အခုထက်ထိလည်း ကိုယ့်ကိုယ် ကိုယ်အရမ်းအောင်မြင်နေတယ်ဆို ပြီး
စိတ်ထဲမှာမထားဘူး။ တတ်နိုင် သလောက် စက်အဖွဲ့ပဲဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်ဖြစ်
အကုန်လုံးကို ကောင်းကောင်းမွန်မွန်နဲ့ဆက်ဆံ တယ်။ ပြီးတော့ မိဘကိုလည်း ရို
သေတယ်။ အလုပ်အပေါ်မှာလည်း ရိုးသားတယ်။ အဲဒါလေးတွေက
အောင်မြင်ဖို့ပံ့ပိုးပေးတဲ့အရာလေး တွေလို့ထင်ပါတယ်။
ကိုယ့်ကို ပရိသတ်တွေက ဘာ ကြောင့် ကြိုက်တယ်လို့ထင်လဲ
-------------------------------------------------------------
တော်တော်များများပြောကြ တာက မျက်နှာချိုတယ်လို့ပြောကြ တယ်။
ပရိသတ်ကိုရယ်ပြ၊ ပြုံးပြပြီး ပရိသတ်ချစ်အောင်လုပ်လို့လည်း
ကိုယ့်ကိုချစ်တယ်လို့ ထင်ပါတယ်။
ကိုယ့်ရဲ့ခန္ဓာကိုယ်မှာ လှတယ် ဆိုပြီး ကိုယ်သတ်မှတ်ထားတဲ့ ခန္ဓာ ကိုယ်အစိတ်အပိုင်းကဘာလဲ
----------------------------------------------------------------
တော်တော်များများပြောကြ တာက အပြုံးလို့ပြောကြတယ်။ အ
ကုန်လုံးကပြုံးရင်အရမ်းချစ်ဖို့ကောင်း တယ်၊ လှတယ်လို့ပြောကြတယ်။
ကိုယ့်ခန္ဓာကိုယ်ကို စိတ်တိုင်းမကျ တာတော့မရှိပါဘူး။ ဘုရားပေး
ထားတဲ့ဒီခန္ဓာကိုယ်၊ ဒီမျက်နှာ အ ကုန်လုံးကိုကျေနပ်ပါတယ်။
လျှို့ဝှက်တတ်တဲ့အမူအကျင့် တွေရောရှိသေးလား
-------------------------------------------------
Welcome To 8 Days A Week
Welcome To 8 Days A Week Your Entertainment Guide

Wednesday, November 6, 2013
ကိုယ်ပါဝင်ရတဲ့အခန်းနည်းတာများတာထက် ဇာတ်လမ်းကိုကြိုက်ရင် ရိုက်ပါတယ်

စိုင်းစိုင်းခမ်းလှိုင်
=======================================
တစ်ခါတလေ အောင်မြင်ပြီး တစ်ခါတလေလည်း မအောင်မြင် ဘူး။ ကျွန်တော်က ရုပ်ရှင်ကိုဝါသနာ ပါတဲ့အပြင် ဂီတကိုလည်းလုပ်ချင် တယ်။ မစွန့်လွှတ်နိုင်တဲ့အတွက် အ ချိန်ရှိသရွေ့ ဂီတနဲ့ ရုပ်ရှင်အတွက် ကြိုးစားနေတယ်ဆိုတဲ့ စိုင်းစိုင်းခမ်း လှိုင်က ]ကျွန်တော် လတ်တလော မှာ ဒါရိုက်တာ ဦးမီးပွားရိုက်နေတဲ့ ]ကောင်းကင်ဘုံသို့ရေးသောစာ} ဗီ ဒီယိုဇာတ်ကားကို ပိုင်ဖြိုးသု၊ ဆန်း သစ်လတို့နဲ့အတူ ပါဝင်သရုပ်ဆောင် ထားတယ်။ ဒီကားထဲမှာ ကျွန်တော့် ဃ့မေခေအနမ က ဇာတ်လမ်းအစမှာ ကတည်းက ချစ်သူသေသွားတဲ့ဇာတ် ကွက်နဲ့စဖွင့်ထားတဲ့အတွက် ဇာတ် ကားတစ်လျှောက်လုံးမှာ အသည်း ကွဲနေတဲ့ပုံစံမျိုးလေးပါ။ ဒီလိုအ သည်းကွဲတဲ့ပုံစံမျိုးလည်း ကျွန်တော် ခဏခဏရိုက်ဖူးတယ်။ ကျွန်တော် ကဇာတ်လမ်းရွေးချယ်မှုအပိုင်းမှာ ဇာတ်လမ်းကို ကြိုက်ရင်ရိုက်ဖြစ် တယ်။ ]ရင်ခုန်မိတာအချစ်လား} ဗီ ဒီယိုဇာတ်ကားမှာ ကျွန်တော်ပါဝင် သရုပ်ဆောင်ထားတဲ့ အခန်းနည်း တယ်ဆိုတာက ကျွန်တော်က ဇာတ် လမ်းကိုကြိုက်တယ်။ စိတ်ဝင်စားတဲ့ အတွက် သရုပ်ဆောင်တာပါ။ အ ခန်းနည်းတာ၊ များတာကဇာတ်လမ်း အပေါ်မှာမူတည်တာပေါ့။ တစ်ကား လုံး ကိုယ်ကပဲဦးဆောင်သွားတဲ့ ဇာတ်လမ်းမျိုးတွေရှိသလို ဒီကားမှာ ဆိုလည်း ကိုလူမင်းက အဓိကသရုပ် ဆောင်ဖြစ်တဲ့အတွက် သူကဇာတ် ကို ဦးဆောင်သွားတာပါ။ ဇာတ် လမ်းသဘောတရားအရ ကျွန်တော် ကနယ်ရောက်တော့မှ ပါတာဆို တော့ အခန်းနည်းတာပါ။ အခန်း နည်းခြင်း၊ များခြင်းအပေါ်မှာတော့ ကျွန်တော်ဘက်ကတော့နည်းတယ်၊

အနုပညာကို လွတ်လပ်တယ်လို့ ခံယူထားပါတယ်
အနုပညာကို လွတ်လပ်တယ်လို့ ခံယူထားပါတယ်
မိစန္ဒီ
===========================
နေပြည်တော်နဲ့မန္တလေးမှာ သီ ချင်းတွေသွားဆိုမယ်။ ပွင့်လင်းရာသီ ဆိုတော့နယ်ရှိုးတွေတောက်လျှောက် ဆိုဖို့ရှိပါတယ်။ ပြီးတော့ Shwe FM လေးနှစ်ပြည့်မှာလည်း မသီရိဆွေနဲ့ အတွဲဆိုဖို့စီစဉ်နေပါတယ်။ ဒုတိယ အခွေပစ်တိုင်းတောင်ကိုဇန်န၀ါရီလ ကုန်မှာထွက်နိုင်အောင် ကြိုးစားနေ ပါတယ်။ သီချင်းလေးပုဒ်လောက်က တော့အချောပြီးသွားပါပြီ။ တေးရေး တွေကတော့ သူငယ်ချင်းတွေပါပဲ။ ကိုလွှမ်းပိုင်၊ ရဲရင့်အောင်၊ သားသား တို့ကို သီချင်းတွေအပ်ထားပါတယ်။ မိစန္ဒီကအခုအခွေမှာသီချင်းခြောက် ပုဒ်လောက်ရေးထားပါတယ်။ ပြီးမှ ရွေးထုတ်သွားမှာပါ။ တေးရေးဆရာ တွေရဲ့ ပုံစံတွေနဲ့လည်းအားလုံး ညှိ ပြီးလုပ်သွားမှာပါ။ ပစ်တိုင်းထောင် ဆိုတဲ့ Title လေးပေးဖြစ်ပုံကတော့ ပစ်တိုင်းထောင်အရုပ်လေးတွေက လဲကျလည်းခဏပဲပြီးရင်ပြန်ထောင် နေတာပဲလေ။ မိစန္ဒီလည်း စိတ် ညစ်စရာတွေကြုံလာရင် ပစ်တိုင်း ထောင်လေးလိုပြန်ထောင်မယ်ဆိုတဲ့ စိတ်နဲ့ပေးဖြစ်တာပါ။ ပြီးတော့ ပစ်တိုင်းထောင်ဆိုတဲ့သီချင်းက လူ ငယ်တွေအတွက် ဘ၀သင်ခန်းစာ ပေးမယ့်သီချင်းဖြစ်မယ်လို့ယုံကြည် ပါတယ်။ Music ပုံစံအနေနဲ့ ပရိသတ်ကြီးကို အသစ်အဆန်းလေး တွေချပြချင်ပါတယ်။ ဒါပေမဲ့မိစန္ဒီက ကိုယ့်ပုံစံတစ်ခုတည်း မကြိုက်ပါဘူး။ Hip Hop နဲ့ R&B ပုံစံလေးတွေ ရယ် ပရိသတ်ကြိုက်မယ့် Music ပုံစံဆန်းဆန်းလေးတွေကိုရောပြီး အကောင်းဆုံးပြင်ဆင်နေပါတယ်။ အနုပညာကိုလွတ်လပ်တယ်လို့ခံယူ ထားပါတယ်။ အဲဒီအတွက်ပရိသတ် ကြီးလည်း Music ကို လွတ်လွတ် လပ်လပ်ခံစားစေချင်ပါတယ်။ ပရိ သတ်ကြီးကျန်းမာပါစေ၊ ချမ်းသာ ပါစေ။ ပထမအခွေ မိုနိုပိုလီကို အားပေးလို့ကျေးဇူးတင်ပါတယ်။ ဒုတိယအခွေပစ်တိုင်းထောင်ကို လည်းအားပေးပါလို့ပြောချင်ပါတယ်။
A.P.S

Subscribe to:
Comments (Atom)