Welcome To 8 Days A Week

Welcome To 8 Days A Week Your Entertainment Guide

Welcome To 8 Days A Week

Welcome To 8 Days A Week Your Entertainment Guide

Welcome To 8 Days A Week

Welcome To 8 Days A Week Your Entertainment Guide

Welcome To 8 Days A Week

Welcome To 8 Days A Week Your Entertainment Guide

Welcome To 8 Days A Week

Welcome To 8 Days A Week Your Entertainment Guide

Wednesday, November 6, 2013

ကိုယ်ပါဝင်ရတဲ့အခန်းနည်းတာများတာထက် ဇာတ်လမ်းကိုကြိုက်ရင် ရိုက်ပါတယ်

ကိုယ်ပါဝင်ရတဲ့အခန်းနည်းတာများတာထက် ဇာတ်လမ်းကိုကြိုက်ရင် ရိုက်ပါတယ်
စိုင်းစိုင်းခမ်းလှိုင်
=======================================

တစ်ခါတလေ အောင်မြင်ပြီး တစ်ခါတလေလည်း မအောင်မြင် ဘူး။ ကျွန်တော်က ရုပ်ရှင်ကိုဝါသနာ ပါတဲ့အပြင် ဂီတကိုလည်းလုပ်ချင် တယ်။ မစွန့်လွှတ်နိုင်တဲ့အတွက် အ ချိန်ရှိသရွေ့ ဂီတနဲ့ ရုပ်ရှင်အတွက် ကြိုးစားနေတယ်ဆိုတဲ့ စိုင်းစိုင်းခမ်း လှိုင်က ]ကျွန်တော် လတ်တလော မှာ ဒါရိုက်တာ ဦးမီးပွားရိုက်နေတဲ့ ]ကောင်းကင်ဘုံသို့ရေးသောစာ} ဗီ ဒီယိုဇာတ်ကားကို ပိုင်ဖြိုးသု၊ ဆန်း သစ်လတို့နဲ့အတူ ပါဝင်သရုပ်ဆောင် ထားတယ်။ ဒီကားထဲမှာ ကျွန်တော့် ဃ့မေခေအနမ က ဇာတ်လမ်းအစမှာ ကတည်းက ချစ်သူသေသွားတဲ့ဇာတ် ကွက်နဲ့စဖွင့်ထားတဲ့အတွက် ဇာတ် ကားတစ်လျှောက်လုံးမှာ အသည်း ကွဲနေတဲ့ပုံစံမျိုးလေးပါ။ ဒီလိုအ သည်းကွဲတဲ့ပုံစံမျိုးလည်း ကျွန်တော် ခဏခဏရိုက်ဖူးတယ်။ ကျွန်တော် ကဇာတ်လမ်းရွေးချယ်မှုအပိုင်းမှာ ဇာတ်လမ်းကို ကြိုက်ရင်ရိုက်ဖြစ် တယ်။ ]ရင်ခုန်မိတာအချစ်လား} ဗီ ဒီယိုဇာတ်ကားမှာ ကျွန်တော်ပါဝင် သရုပ်ဆောင်ထားတဲ့ အခန်းနည်း တယ်ဆိုတာက ကျွန်တော်က ဇာတ် လမ်းကိုကြိုက်တယ်။ စိတ်ဝင်စားတဲ့ အတွက် သရုပ်ဆောင်တာပါ။ အ ခန်းနည်းတာ၊ များတာကဇာတ်လမ်း အပေါ်မှာမူတည်တာပေါ့။ တစ်ကား လုံး ကိုယ်ကပဲဦးဆောင်သွားတဲ့ ဇာတ်လမ်းမျိုးတွေရှိသလို ဒီကားမှာ ဆိုလည်း ကိုလူမင်းက အဓိကသရုပ် ဆောင်ဖြစ်တဲ့အတွက် သူကဇာတ် ကို ဦးဆောင်သွားတာပါ။ ဇာတ် လမ်းသဘောတရားအရ ကျွန်တော် ကနယ်ရောက်တော့မှ ပါတာဆို တော့ အခန်းနည်းတာပါ။ အခန်း နည်းခြင်း၊ များခြင်းအပေါ်မှာတော့ ကျွန်တော်ဘက်ကတော့နည်းတယ်၊

များတယ် ရွေးတာမျိုးမရှိပါဘူး။ ဇာတ်လမ်းကိုပဲရွေးပါတယ်။ ဖြစ်စေ ချင်တာကတော့ စိုင်းစိုင်း ပါဝင် ရိုက် ကူးတဲ့ကား၊ စိုင်းစိုင်းကားဆိုရင်ကြည့် လို့ကောင်းတယ်၊ ကြိုက်တာမျိုးပဲ ဖြစ်စေချင်တယ်။ လတ်တလော ထွက်ရှိထားတဲ့ ]အချစ်ရှိသည်ဖြစ် စေ၊ မရှိသည်ဖြစ်စေ} ဗီဒီယိုဇာတ် ကားလေးအောင်မြင်တယ်လို့ကြား ရတဲ့အတွက် စိတ်ချမ်းသာပါတယ်။ ဒီကားလေးကို ကြည့်ရှုအားပေးတဲ့ ပရိသတ်ကိုလည်း အရမ်းကျေးဇူး တင်တယ်။ ဒီကားလေးက တော် တော်လေးကို ခက်ခက်ခဲခဲနဲ့ ရိုက် ကူးရတာပါ။ ပထမကျွန်တော်တို့က ဒါရိုက်တာ မလိခစိုးထိုက်အောင် နဲ့ရိုက်တာ။ ရိုက်နေရင်းနဲ့ပဲ သူ့ရဲ့ မိခင်ဆုံးပါးသွားတဲ့အတွက် ဒါရိုက် တာဦးဟိန်းစိုးရဲ့ လက်ထောက် ဒါ ရိုက်တာဖြစ်တဲ့ ဦးသန့်ကနေ ဆက် လက်ကူညီပြီးတော့ ရိုက်ကူးပေးတာ ပါ။ ဒီဇာတ်ကားကို ပြင်ဦးလွင်မြို့မှာ ရိုက်ပြီးတော့ တချို့ကျန်တဲ့ဇာတ်ဝင် ခန်းတွေကို ရန်ကုန်မှာရိုက်ကူးရ တယ်။ အခက်အခဲတွေနဲ့ ရိုက်ရ တဲ့ဇာတ် ကားလေးဖြစ်တဲ့အတွက် ဒီကားမှာ လိုအပ်တာရှိရင်လည်း ခွင့်လွှတ်ပြီး ကြည့်ပေးပါလို့တောင်း ပန်ချင်တယ်။ ကာလာစုံ Lesson ဇာတ်ကားနဲ့ ပတ်သက်ပြီး ရိုက်ကူး ခွင့်ခုချိန်ထိမရသေးဘူး။ ရုပ်ရှင်အ ဖြစ်နဲ့ ရိုက်ကူးနေတာပါ။ အဲဒါကို ရိုက်ကူးခွင့်ပိတ်ပင်ခြင်း ကိုခံထား ရတာပါ။ ဆက်လက်ရိုက်ကူးခွင့်ရ ချင်ပါတယ်။ ဘယ်တော့မှရမလဲ တော့မပြောတတ်ဘူး။ တစ်ချိန် ချိန်တော့ရမှာပါ။ မရရင်လည်း ဘာ ကြောင့်လဲဆိုတဲ့ အဖြေတစ်ခုတော့ ထွက်လာမှာပါ။}

No comments:

Post a Comment