မာရီနာပြောတဲ့ အချစ်အကြောင်း
=========================================
ဆယ်ကျော်သက်ကတည်းက မြင်မြင်ချင်းချစ်မိတယ်ဆိုတာကို မရှိတာပါ
မြင်မြင်ချင်းချစ်မိတယ်ဆိုတဲ့ စကားကိုပြောရမယ်ဆိုရင်တော့ တစ်ယောက်နဲ့တစ်ယောက် အမြင် ချင်းမတူနိုင်ဘူးလို့ထင်ပါတယ်။
မြင် မြင်ချင်းချစ်မိမယ့်သူက ရှိတဲ့သူ လည်းရှိမယ်။ မရှိတဲ့သူလည်းမရှိဘူး
ပေါ့။ ညီမသိသလောက် သေချာ လေ့လာမြင်တွေ့ရသလောက်ပြော ရမယ်ဆိုရင်တော့
မြင်မြင်ချင်းချစ်မိ တယ်ဆိုတာ ခဏတာလောက် ကြိုက်မိသွားတာလောက်ပဲဖြစ်မှာ ပါ။
စွဲစွဲမြဲမြဲချစ်မိဖို့ဆိုတာကတော့ နည်းနည်း နည်းမယ်ထင်ပါတယ်။ ဆယ်ကျော်သက်
ဘ၀တုန်းကချစ်မိ တဲ့အချစ်မျိုးဆိုတာမရှိခဲ့ပါဘူး။ မာ ရီနာက
ဆယ်ကျော်သက်ဘ၀တုန်း က ဟေးလားဝါးလားလုပ်တာများ တယ်။ စားမယ်၊ သောက်မယ်၊
သွားမယ် ဒီလောက်ပဲရှိခဲ့တယ်။ သစ်ရွက်လှုပ်တာနဲ့ရင် ခုန်မိတဲ့အ
ရွယ်မှာတုန်းကယောက်ျားလေးဆန် ဆန်သွားလာလှုပ်ရှားမိခဲ့တဲ့အတွက်
ဆယ်ကျော်သက်အချစ်ဆိုတာမျိုး မရှိခဲ့ပါဘူး။
အချစ်ဆိုတာ ပူလောင်တတ် ပါတယ်
အချစ်ဆိုတဲ့ခံစားချက်ကို မာ ရီနာရဲ့အမြင်ခံစားချက်ကိုပြောရ မယ်ဆိုရင်
အချစ်ဆိုတာပူလောင် တတ်ပါတယ်။ တစ်ခါတလေ နွေး ထွေးမှု၊ ကြင်နာမှုတွေပေးတတ်
တယ်လို့ထင်ရပေမယ့် သေသေချာ ချာရင်ထဲမှာ နက်ရှိုင်းစွာချစ်တတ်
လာမိပြီဆိုရင်တော့ အချစ်ဆိုတာ က ပူလောင်တာများပါတယ်။
အိမ်ထောင်ဖက်ကယောက်ျား ပီသရပါမယ်
မာရီနာရဲ့ဘ၀လက်တွဲဖော် အိမ်ထောင်ဖက်က အဓိကက အ
ရည်အချင်းရှိဖို့လိုအပ်တယ်လို့ခံယူ ထားပါတယ်။ ယောက်ျားပီသရ မယ်။
ဘ၀နဲ့ပတ်သက်ပြီး အတွေ့ အကြုံ အတွေးအခေါ်တွေမြင့်မား
သင့်သလို
အသက်အရွယ်အလိုက် ကြိုတင်စီမံချမှတ်ထားတဲ့ ဘ၀ရဲ့
ရည်မှန်းချက်တွေရှိသင့်ပါတယ်။ ကိုယ့်ရည်မှန်းချက်အတိုင်း အလုပ်
ကိုကြိုးကြိုးစားစားလုပ်တတ်တဲ့သူ၊ ယောက်ျားစိတ်ဓာတ်အပြည့်အ၀ရှိ တဲ့သူကိုပဲ
ဘ၀လက်တွဲဖော်အနေ နဲ့ ရွေးချယ်ဖြစ်မှာပါပဲ၊
ပြီးခဲ့တဲ့အချစ်တစ်ခုက အ ဆင်မပြေတာကြောင့် လမ်းခွဲထား တယ်
အချစ်နဲ့ပတ်သက်ပြီးတော့ အ ခုချိန်မှာခဏနားထားတယ်။ ပြီးခဲ့ တဲ့အချစ်တစ်ခုက
အဆင်မပြေမှု တွေကြောင့် လမ်းခွဲထားပါတယ်။ အခုချိန်မှာတော့ အချစ်ဆိုတာကို
ထပ်မံပြီးမရှာဖွေတော့ဘဲ သူငယ် ချင်းတွေနဲ့ လွတ်လွတ်လပ်လပ်နေ တဲ့ဘ၀လေးကို
ကြိုက်နှစ်သက်နေ ပါတယ်။ အချစ်ဆိုတာ ပေးဆပ်မှု၊ ရယူမှုဆိုတာထက် တစ်ယောက်နဲ့
တစ်ယောက် နားလည်မှုရှိဖို့က အ ရမ်းအဓိကကျပါတယ်။ သူ့ဆီကရ ယူမှု၊
ပေးဆပ်မှုတွေကို မရည်ရွယ် ဘဲနဲ့ တစ်ယောက်နဲ့တစ်ယောက်
ယုံကြည်မှုတွေပဲလိုအပ်ပါတယ်။ သူ ကလည်း ကိုယ့်ကိုမချုပ်ချယ်စေချင် ဘူးပေါ့။
အနုပညာရှင်တစ်ယောက်ကို ချစ်မယ်ဆိုရင် သေချာစဉ်းစားပါ
အနုပညာရှင်တစ်ယောက်ကို ချစ်ကြိုက်မယ်ဆိုရင်တော့ မကြိုက် ခင်၊
မချစ်ခင်ကတည်းက အစစအ ရာရာစဉ်းစားထားဖို့လိုအပ်ပါတယ်။
သေသေချာချာနားလည်နိုင်မှဖြစ် မှာပါ။ နောင်ဖြစ်ပြီးမှ ဘာဖြစ်လို့၊
ညာဖြစ်လို့ဆိုတာကိုဖြစ်လာရင် တော့ မလွယ်ပါဘူး။ ဒီတစ်ယောက် အတွက်
ဘာအလုပ်မှမလုပ်နိုင်ဘူး။ သူ့အတွက် ကိုယ့်အခွင့်အရေးတွေ
ဆုံးရှုံးသွားမယ်ဆိုရင်၊ လက်မခံနိုင် ရင်တော့ အစကတည်းက မစတင်
တာပဲကောင်းပါတယ်။
အရင်တစ်ယောက်က အစစ အရာရာနားလည်ပေးတဲ့သူဖြစ် ပေမယ့်လည်း
အရင်တစ်ယောက်က ပြတ်စဲ သွားတယ်ဆိုတာကလည်း သူကအ စစအရာရာ မာရီနာကိုနားလည်
ပေးတဲ့သူပါ။ ကိုယ်ဝါသနာပါတဲ့အ နုပညာအလုပ်တွေကို မချုပ်ခြယ် တတ်ဘူး။ မာရီနာက
အလုပ်ပိုင်းမှာ အရမ်းကြိုးစားတဲ့သူတစ်ယောက်ပါ။ ဒါကြောင့်
အလုပ်ပိုင်းမှာအားမရ တာလေးတွေရှိလာတယ်။ ညှိလို့မရ တာလေးတွေရှိလာပါတယ်။ ဒါ
ကြောင့်ပါ။ ကျန်တာကတော့ အစ စအရာရာ နားလည်ခွင့်လွှတ်ပေး တတ်သူပါ။
အချစ်နဲ့အိမ်ထောင်ပြုခြင်း မှာကွာခြားချက်တွေက ဒီလိုပါ
အချစ်ဆိုတာမပါဘဲနဲ့ အိမ် ထောင်ပြုဖို့ဆိုတာမလွယ်ပါဘူး။
မာရီနာရဲ့ခံယူချက်ကလည်း အချစ် မပါဘဲနဲ့ အိမ်ထောင်မပြုနိုင်ပါဘူး။
တချို့ကလည်း မချစ်ဘဲနဲ့အိမ် ထောင်ပြုလိုက်ကြပါတယ်။ ဒါမှမ ဟုတ်
နောက်ပိုင်းမှ တဖြည်းဖြည်း ချစ်သွားကြတာတွေရှိပါတယ်။ ဒါ ပေမဲ့
အချစ်နဲ့အိမ်ထောင်ပြုခြင်းမှာ တော့ အချစ်မပါဘဲနဲ့ အိမ်ထောင်
တစ်ခုတည်ထောင်ဖို့ဆိုတာ မလွယ် တဲ့ကိစ္စတစ်ခုပါပဲ။
Welcome To 8 Days A Week
Welcome To 8 Days A Week Your Entertainment Guide
Welcome To 8 Days A Week
Welcome To 8 Days A Week Your Entertainment Guide
Welcome To 8 Days A Week
Welcome To 8 Days A Week Your Entertainment Guide
Welcome To 8 Days A Week
Welcome To 8 Days A Week Your Entertainment Guide
Welcome To 8 Days A Week
Welcome To 8 Days A Week Your Entertainment Guide
Subscribe to:
Post Comments (Atom)

No comments:
Post a Comment