Welcome To 8 Days A Week

Welcome To 8 Days A Week Your Entertainment Guide

Welcome To 8 Days A Week

Welcome To 8 Days A Week Your Entertainment Guide

Welcome To 8 Days A Week

Welcome To 8 Days A Week Your Entertainment Guide

Welcome To 8 Days A Week

Welcome To 8 Days A Week Your Entertainment Guide

Welcome To 8 Days A Week

Welcome To 8 Days A Week Your Entertainment Guide

Tuesday, October 1, 2013

အနုပညာလမ်းကကြမ်းခဲ့တယ်

စိုးပြည့်ပြည့်စံ - ရူးသွပ်မှုတစ်ခုတည်းနဲ့ စခဲ့တဲ့သူတစ်ယောက်အနေနဲ့

အနုပညာလမ်းကကြမ်းခဲ့တယ်

=========================================

နာကြည်းမှုများလေလေ အောင်မြင်မှုလမ်းစကို ရောက်ဖို့ များလေလေဆိုတဲ့ စကားလိုပဲ စိုးပြည့်ကြုံခဲ့ရတဲ့ ဒုက္ခ၊ နာကြည်းမှု တွေက စိုးပြည့်ပြည့်စံလို့ဖြစ်လာဖို့ ပဲလို့သတ်မှတ်လိုက်ပါတယ်။ အဲဒီ လိုသာမကြုံခဲ့ရင် စိုးပြည့်ပြည့်စံက ဒီလောက် စိတ်ဓာတ်ကြံ့ခိုင်လာမယ် မထင်ဘူး။ ကြုံတွေ့ခဲ့တာတွေအား လုံးအတွက် အားလုံးကို ကျေးဇူး တင်ပါတယ်လို့ပဲဆိုထားပါတယ်။

Q. စိုးပြည့် Only One ဗွီစီဒီ ရိုက်နေပြီလား

A. ဗွီစီဒီရိုက်ဖို့စီစဉ်နေပါပြီ။

Q. စီဒီထွက်ပြီးတဲ့ အချိန်ပရိသတ်ရဲ့ အားပေးမှုကို လေ့လာ ဖြစ်လား။

A. Only One စီဒီမထွက်ခင် Flyer တွေကိုယ်တိုင်ကမ်းတယ်။ Wall sheet တွေကိုကိုယ်တိုင်ကပ်တယ်။ စိုးပြည့်ရဲ့ Only One ခွေ မေဒေးနေ့မှာထွက်ပြီး လက်မှတ်ထိုး ပွဲပြီးတာနဲ့ ဘယ်ဆိုင်တွေတင်ထား လဲဆိုတာကအစ သူငယ်ချင်းတွေ အကူအညီနဲ့ လေ့လာပါတယ်။ အခုဆိုရင် ပရိသတ်တွေက facebook ကနေပြောကြပါတယ်။

Q. ခွေရောင်းအားအပေါ်မှာရော..



A. ခွေရောင်းအားဘယ် လောက်ရှိလဲဆိုတာ မသိသေးဘူး။ စီးရီးခွေထုတ်တယ်ဆိုတာ သီချင်း ဆိုတာကို ရူးသွပ်လို့သာထုတ်တာ။ လူတိုင်းရှုံးတယ်။ စိုးပြည့်လည်းမရှိမဲ့ ရှိမဲ့နဲ့ လုပ်ခဲ့တာ။ စိုးပြည့်လိုချင်တာက ပရိသတ်ရဲ့ သဘောကျတဲ့ လက်ခုပ်သံပါ။ မကြာခင်တုန်းက စိုးပြည့်သီချင်းဆိုင်တစ်ဆိုင်မှာ ဖွင့်ထားတာကြားလိုက်ရတယ်။ စိုးပြည့် မှန်းမသိဘဲ ပြောလိုက်ကြတဲ့ အသံက ဒီသီချင်းပဲ ခဏခဏဖွင့်နေတာ မောနေလောက်ပြီဆိုတော့ စိုးပြည့် မျက်ရည်ဝဲမိတဲ့အထိ ၀မ်းသာရတယ်။ ခွေရောင်းရတာ မရောင်းရ တာထက် စိုးပြည့်သီချင်းတွေနား ထောင်ရင်ကို ကျေနပ်ပါပြီ။

Q. Only One ကို အချိန် ဘယ်လောက်ထိ ယူပြီးပြင်ဆင်ခဲ့ တာလဲ။

A. စိုးပြည့်သုံးနှစ်လောက် အချိန်ယူပြင်ဆင်ခဲ့တာပါ။ ဒီအခွေထဲ မှာပါတဲ့ ၁၂ ပုဒ်လုံးက စိုးပြည့် အနှစ်သက်ဆုံးတွေကို ရွေးထားတာပါ။ အဲဒီထဲက အနက်ရှိုင်းဆုံးချစ် လို့ဆိုတဲ့ ကိုယ်တိုင်ရေးထားတဲ့ သီချင်းက ကိုယ်တိုင်လည်းကြိုက်သလို စိုးပြည့်ရဲ့ အနုပညာမောင်နှမတွေကလည်း ကြိုက်တယ်လို့ပြောပါတယ်။ ဦးစိုးလင်းရေးတဲ့ကိုယ့် အတွက် အိပ်မက်မင်းမက်လားက အရင်မချောစုခင်ဆိုထားတဲ့ သီချင်းကိုလည်း စိုးပြည့်ကြိုက်လို့ Version ပြောင်းပြီးပြန်ဆိုထားတယ်။

Q. ဘာကြောင့် Only One လို့ပေးဖြစ်တာလဲ။

A. စိုးပြည့်နဲ့ တေးရေးဦးစိုးလင်းတို့ တိုင်ပင်ပြီးပေးဖြစ်တာပါ။ မေ ၁ ရက်မှာ စိုးပြည့်ပြည့်စံ Only One တစ်ကိုယ်တော်ခွေထွက်တယ် ဆိုတဲ့ သဘောလေးပါ၊

Q. စိုးပြည့်အရင်က ဓာတ်ပုံ ခပ်ဟော့ဟော့တွေ ရိုက်ခဲ့ဖူးတယ်နော်။

A. စိုးပြည့်ဓာတ်ပုံတွေ အမျိုး မျိုးရိုက်ဖူးပါတယ်။ Punk, Sweet ဖြစ်တဲ့ ပုံတွေလည်း ရိုက်ပါတယ်။ ဒါပေမဲ့ Sexy ရိုက်တဲ့ပုံစံကို ပိုနှစ်သက်ကြတယ်။ စိုးပြည့် ဓာတ်ပုံရိုက်တဲ့ အထဲမှာ နိုင်ငံခြား မဂ္ဂဇင်းတစ်ခုအတွက် ဆေးလိပ်သောက်ပြီး ရိုက်ထားတဲ့ ပုံရှိတယ်။ စိုးပြည့်ဆေး လိပ်မသောက်တတ်ဘူး။ ဒါပေမဲ့ ဆေးလိပ်သောက်တဲ့ လူတစ်ယောက်ရဲ့ ပုံစံမျိုးရအောင် ရိုက်ထားတယ်။ ကိုယ့်ပုံကိုကြည့်တဲ့အခါ ခံစားမှုတစ်ခုခုရစေချင်တာပါ။ စိုးပြည့်ရိုက်ခဲ့တဲ့ပုံတွေမှာတော့ မတော်မယော်ဖော်ချွတ်ရိုက်ခဲ့တာမျိုး မရှိပါဘူး။ လုံလုံခြုံခြုံနဲ့ အမိုက်စား ပုံတွေသာ ရိုက်ဖြစ်တာပါ။ သရုပ်ဆောင်ဖြစ်တဲ့အတွက် ဝေဖန်တာ ကိုလက်ခံပါတယ်။

Q. သရုပ်ဆောင်လုပ်မှာလား၊ မော်ဒယ်လုပ်မှာလား၊ အဆိုတော် လုပ်မှာလား။

A. ကိုယ်တိုင်တောင်ဘာလုပ် ရမှန်းမသိတော့ဘူး။ ဒါပေမဲ့ ပရိသတ်က စိုးပြည့်သီချင်းဆိုပါလို့ဆိုတဲ့အတွက် ရှိုးတွေဆိုဖြစ်နေတယ်။ မျှအောင်လုပ်သွားမှာပါ။ သရုပ်ဆောင်တဲ့ဘက်ကို စိုးပြည့်နားထား တယ်။ Only One ဗွီစီဒီအတွက် စိုးပြည့်ပြင်ဆင်နေပါတယ်။

Q. ဒါဆိုငယ်ငယ်က ဘာဖြစ်ချင်ခဲ့တာလဲ။

A. စိုးပြည့်ငယ်ငယ်ကတည်းက ဖြစ်ချင်ခဲ့တာက သရုပ်ဆောင် တစ်ယောက်ပါ။ ဒါကြောင့်ပဲ ဒီလောကထဲရောက်ခဲ့တာ။ စိုးပြည့် ဆယ်တန်းအောင်ပြီး နောက်နေ့မှာ ကိုဂျွန်လွင်ဆီမှာ သင်တန်းစတက်ဖြစ်တယ်။

Q. အနုပညာလောကကြီးက အသစ်တစ်ယောက်ကို နွေးထွေးစွာ ကြိုဆိုရဲ့လား။

A. အားလုံးကတွန်းထုတ်တယ်။ အမှန်အတိုင်းပြောရရင် မိဘရဲ့ အားပေးပံ့ပိုးမှု၊ ဘယ်သူ့ရဲ့ ထောက်ပံ့မှုမှမပါခဲ့ဘဲ ရူးသွပ်မှု တစ်ခုတည်းနဲ့ စိုးပြည့်စလျှောက်ခဲ့တဲ့ မိန်းကလေးတစ်ယောက် အနေနဲ့ ဒီလောကကြီးက အရမ်းကြမ်းခဲ့ပါတယ်။ မော်ဒယ်လောကမှာလည်း မော်ဒယ်လောကအနေအထားအရ ကိုယ့်ဘာသာကိုယ်ပိုက်ဆံပေး သင်တန်းတက်တာတောင် တန်းစီရတဲ့ စနစ်ဖြစ်နေတယ်။ ရှိုးတစ်ပွဲလျှောက်ရဖို့ ကိုယ့်ကိုခေါ်ဖို့ အများကြီး ပြင်ဆင်ရတယ်။ အဲဒီလိုတွေရှိခဲ့တာ ကြောင့်လည်း စိုးပြည့် Only One ခွေထွက်ဖြစ်တဲ့အထိခိုင်မာခဲ့တာ ထင်ပါတယ်။ ကလောင် - Olive

No comments:

Post a Comment