ချမ်းမီမီကို - တစ်ကိုယ်လုံးမှာအရပ်ကိုကြိုက်တယ်
===========================
ကိုယ့်ကိုယ်ကိုယ်ဘာလို့အောင်မြင်တယ်ထင်လဲ
ကိုယ့်ကိုယ်ကိုယ်ဘာလို့အောင် မြင်တယ်ထင်လဲဆိုရင် မအောင် တော့မအောင်မြင်သေးပါဘူး။ အောင်မြင်တယ်လို့တော့ မဟုတ် သေးဘူး။ ကိုယ်က ဒီအနုပညာ လျှောက်လမ်းလေးမှာ အလျဉ်းသင့်လို့ စ၀င်စလေးပဲရှိသေးတယ်။ အမြဲတမ်းကြိုးစားနေဆဲပေါ့နော်။
ပရိသတ်ဘာကြောင့်ကြိုက်
တချို့ဇာတ်လမ်းတွေမှာ ချမ်းမီက စရိုက်ဆန်ဆန်လေးတွေရိုက် တယ်။
စရိုက်ဆန်ဆန်လေးတွေဆို ရင် ချမ်းမီဈေးထဲမှာ သွားရိုက်တယ်။ ဈေးထဲမှာ
ရန်ဖြစ်တဲ့အခန်းသွားရိုက် တာ ဈေးထဲကအစ်မတွေက ချမ်းမီ
အဲဒီလိုသရုပ်ဆောင်တာကောင်း တယ်ဆိုပြီးတော့ ပြောကြတယ်။ နောက်နေ့လည်းရောက်ရော
သူတို့ က ကိုယ့်ကိုအားကျပြီးရန်ဖြစ်ကြ တယ်။ ကိုယ်က ဈေးရောင်းတာဆို
တော့ပါးကွက်ကြီးတွေ၊ နှုတ်ခမ်းနီ ကြီးတွေနဲ့ ရန်ဖြစ်တာ။ အဲဒါကိုသူတို့ က
သဘောတွေကျပြီးကြိုက်ပါ တယ်။ သူတို့ရဲ့ကာရိုက်တာလေး တွေနဲ့သွားသွားပြီးတော့
ရယ်စရာ လေးတွေဖြစ်တာပေါ့နော်။ ရယ်စ ရာလေးတွေဖြစ်တော့ ငါတို့လိုပါပဲ
လားဆိုပြီးတော့ တူတာလေးတွေ လည်း ယူကြမှာပေါ့။ အကြိုက်ချင်း
တူလို့နေမှာပေါ့။
အရပ်ရှည်တာကြိုက်
ခန္ဓာကိုယ်မှာ
အလှဆုံးလို့ထင် တဲ့ အစိတ်အပိုင်းကတော့ အရပ် ပေါ့။
သူ့ရဲ့မွေးရာပါအရပ်ကြောင့် ကိုယ်ကအရမ်းလည်းမ၀ဘူး။ အရမ်း လည်းမပိန်ဘူး။
နောက်ပြီးတော့ အမေတို့ကလည်း အရမ်းဝတဲ့အထဲ မှာမပါဘူး။ အဲဒီအခါကျတော့ ကိုယ် က
အရမ်းလည်းမ၀ဘူး။ အရမ်း လည်း မပိန်ဘူး။ အဲဒါကြောင့် တစ်
ကိုယ်လုံးမှာ
အရပ်ကိုကြိုက်တာ။
ချမ်းမီက ဒိုင်ယာလော့ခ်ချ ပေးရင်လွယ်လွယ်ရတတ်လား
အစတုန်းကတော့ လွယ်လွယ် မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီ အိုက်တင်က
စကားပေါ်မှာ အများ ကြီးမူတည်တယ်လေ။ မြန်မာစကား ဆိုတာလည်း အမျိုးမျိုးဆိုတော့
လေ။ အစပိုင်းက အတွေ့အကြုံ နည်းတဲ့အခါကျတော့ ရိုက်တယ်။ ဒါပေမဲ့
ကိုယ်ကိုယ်တိုင်သိပ်ပြီးတော့ စိတ်တိုင်းမကျဘူး။ နောက်ပိုင်းကျ တော့
ကားရိုက်တယ်။ ကိုယ်ကိုယ် တိုင်လည်း သဘောကျလာပါတယ်။
ရှုတင်မိတ်ကပ်
ရှုတင်မိတ်ကပ်လိမ်းရတာကို သဘောကျပါတယ်။ မိတ်ကပ်ပါးပါး လေးပဲလိမ်းဖြစ်ပါတယ်။
တစ်ယောက်တည်းနေရင် secret လုပ်တဲ့အကျင့်တွေက
တစ်ယောက်တည်းနေလို့ရှိရင် ကိုယ်က ကြိတ်ကြိတ်ပြီးတော့လုပ် ဖြစ်ပါတယ်။
ကိုယ့်အတွက် သီချင်း တွေနားထောင်တယ်။ ကိုယ့်အတွက် စာအုပ်တွေဖတ်တယ်။
ကိုယ်နဲ့သက် ဆိုင်တာ တစ်ခုမဟုတ်တစ်ခုခုကို တစ်ယောက်တည်းနေလို့ရှိရင်လုပ်
ဖြစ်တယ်။ - မိုးထက်ကျော် (8 DAYS JOURNAL
Welcome To 8 Days A Week
Welcome To 8 Days A Week Your Entertainment Guide
Welcome To 8 Days A Week
Welcome To 8 Days A Week Your Entertainment Guide
Welcome To 8 Days A Week
Welcome To 8 Days A Week Your Entertainment Guide
Welcome To 8 Days A Week
Welcome To 8 Days A Week Your Entertainment Guide
Welcome To 8 Days A Week
Welcome To 8 Days A Week Your Entertainment Guide
Subscribe to:
Post Comments (Atom)

No comments:
Post a Comment