Welcome To 8 Days A Week

Welcome To 8 Days A Week Your Entertainment Guide

Welcome To 8 Days A Week

Welcome To 8 Days A Week Your Entertainment Guide

Welcome To 8 Days A Week

Welcome To 8 Days A Week Your Entertainment Guide

Welcome To 8 Days A Week

Welcome To 8 Days A Week Your Entertainment Guide

Welcome To 8 Days A Week

Welcome To 8 Days A Week Your Entertainment Guide

Tuesday, October 1, 2013

မိန်းမပိုဆန်လာတာ ဘာကြောင့်လဲ

ဖွေးဖွေး - မိန်းမပိုဆန်လာတာ ဘာကြောင့်လဲ မိန်းကလေးအချင်းချင်းပဲသိမှာပါ

======================================

ဖွေးဖွေးပါဝင်သရုပ်ဆောင် ထားတဲ့ Colourful Lesson ဇာတ် ကားက သူရိုက်ခဲ့တာ ရုပ်ရှင်ဆိုပြီး ရိုက်ခဲ့တာ ခုရုပ်ရှင်အဖြစ် ပြသခွင့် ပြန်တင်နေတာနဲ့ပတ်သက်ပြီး သူ နားမလည်ဘူး။ ထုတ်လုပ်သူပဲ သိပါ လိမ့်မယ်လို့ ပြောပါတယ်။ သူက တော့ သူပါဝင်တဲ့ ရုပ်ရှင်ပဲဖြစ်ဖြစ်၊ ဗီဒီယိုပဲဖြစ်ဖြစ် အကောင်းဆုံးကြိုး စားသရုပ်ဆောင်ခဲ့ပြီး ကြီးကြီးမား မားမျှော်မှန်းချက် ဘာမှမရှိဘူးလို့ ဆိုပါတယ်။ သူက ၀ါသနာပါတဲ့ အလုပ်တစ်ခုလို လုပ်ခွင့်ရနေတာနဲ့ တင်ပျော်ရွှင်ပါတယ်။ ၂၅နှစ်ပြည့် မွေးနေ့ပွဲအတွက် မေးထားတဲ့ မေး ခွန်းများကို ဖြေဆိုပေးခဲ့တဲ့ ပရိသတ် များကို ကျေးဇူးတင်ပါတယ်။ ဒီနှစ် မှာ မဆုံဖြစ်ခဲ့ပေမယ့် တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ဆုံနိုင်ခွင့်ရလိမ့်မယ် လို့ယုံကြည်ပါတယ်တဲ့ ...

Q. ဖွေး ဒီနှစ်ချစ်သူဆီက ဘာ လက်ဆောင်ရလဲ

A. ရှူးတိုးတိုး

Q. ဖွေးဖွေးကို ဘယ်လောက် သိလဲမေးခွန်းတွေက မများလွန်းဘူးလား

A. မေးခွန်းတွေက ဖွေးဖွေးရယ်၊ အမေရယ်၊ ကိုဝိုင်းရယ် တိုင်ပင်ပြီးမေးကြတာ။ ဖွေး ဒီအနုပညာ အလုပ်လုပ်ကတည်းက ပရိသတ်နဲ့ ရင်ဘတ်ချင်းဆက်ပြီး ခံစားတယ်။ ငါသာ ပရိသတ်နေရာမှာဆိုရင် ဒီ

လိုမျိုးကြိုက်ပါ့မလားဆိုပြီး ပရိသတ် ဘက်ကအမြဲတွေးတယ်။ အဲဒီအတွက် ပရိသတ်နဲ့ဖွေးနှလုံးသားချင်း ရင်းနှီးနေတယ်လို့ ခံစားရတယ်။ ကတ်သီးကတ်သတ်မေးခွန်းလေးတွေ မေးတာက ပျော်စေချင်လို့မေးတာပါ။ ၂၅ခု မေးတာက ဖွေးအသက် ၂၅နှစ်အတွက် အမှတ်တရလုပ်ပေမယ့်အရမ်းများမှန်းသိတယ်။ အဲဒီ အတွက် အများဆုံးဖြေနိုင်တဲ့သူတွေ ကိုစုပြီး မွေးနေ့ Dinner ကျွေးတဲ့ သဘောမျိုးပါ။ တကယ် အဖြေမှန် တာတစ်ယောက်ပဲရှိတယ်။ သူ့ကို ဖွေး CASIO နာရီလေးလက် ဆောင်ပေးလိုက်တယ်။

Q. လက်ပံတုန်းကလည်း တစ်ကားလုံးက အနီရဲရဲဝတ်တယ် မွေးနေ့ဝတ်စုံက အနီဆိုတော့ အနီရောင်က ဖွေးဖွေးကို ကံကောင်းစေသလား

A. ဟုတ်။ အနီရောင်က ဖွေး အတွက်ကံကောင်းစေတယ်လို့ ပြောလို့ရပါတယ်

Q. အရင်ကဖွေးရဲ့ဝတ်စားဆင် ယင်ပုံက နည်းနည်းလေးယောက်ျား ဆန်ပေမယ့် ခုမိန်းမဆန်ဆန်ဖြစ် လာတာ အချစ်ကြောင့်လား

A. အစကတည်းက ဖွေးဖွေးရဲ့ အပြင်ကာရိုက်တာက ကနွဲ့ကလျမ လုပ်တတ်ဘူး။ ဖွေးက မင်းသမီး တစ်ယောက်ဖြစ်ဖို့ထက် သရုပ် ဆောင်ကောင်း တစ်ယောက်ဖြစ် ချင်ခဲ့တာ။ ကာရိုက်တာအကုန်ဝင် အောင်သရုပ်ဆောင်နိုင်သူ ဖြစ်ချင် တော့ အမာပဲဖြစ်ဖြစ် အပျော့ပဲဖြစ် ဖြစ် ပုံစံဝင်အောင်ပြောင်းဖြစ်ပါ တယ်။

Q. မိန်းမပိုဆန်လာတာ ဘာ ဖြစ်လို့လဲ ချစ်တတ်လို့လား

A. ရှင် ...အဲဒါမိန်းမအချင်း ချင်းပဲသိမှာပေါ့။

Q. ဖွေးဖွေး သီချင်းဆိုဖို့ကရော

A. Single ခွေထုတ်ဖို့က ဖွေးဖွေးရဲ့မဖြစ်သေးတဲ့ အိပ်မက်တစ်ခု။ ခုကအလုပ်တွေ ရှုပ်နေတော့ အဲဒီ အိပ်မက်ကလေးဖြစ်လာပါတော့မလားတောင်ဖြစ်နေတယ်။ သီချင်းကို ဖွေးက ကိုယ်တိုင်ရေးတယ်။ သံစဉ် ကလည်း ကိုယ်ပိုင်သံစဉ်ပဲလုပ်တယ်။ တီးတဲ့လူတွေနဲ့ကျတော့ ကိုယ်နဲ့မိသားစုလိုဖြစ်ပြီး စိတ်တိုင်း ကျတဲ့ လူတွေနဲ့ပဲဆိုတော့ ကြာဦး မယ်ထင်ပါတယ်။

No comments:

Post a Comment